Friday, March 25, 2016

စင်ကာပူနှင့် ခြေစမ်းပွဲတွင် အကောင်းဆုံး ခြေစွမ်းရရန် ပြင်ဆင်ထားဟု မြန်မာနည်းပြဆို

 
စင်ကာပူအသင်းနှင့် ခြေစမ်းပွဲမတိုင်မီ လေ့ကျင့်မှု ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်း (ဓာတ်ပုံ − MFF)

စင်ကာပူလက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲတွင် အ ကောင်းဆုံးခြေစွမ်းရရှိရန် ပြင် ဆင်ထားကြောင်း မြန်မာ့လက် ရွေးစင်ဘောလုံးအသင်း နည်းပြ ချုပ် ဂတ်ဖရိုင်းဒရစ်က ပြောကြား သည်။

စင်ကာပူအသင်းနှင့် မြန်မာ အသင်းတို့ ခြေစမ်းပွဲကို မတ်လ ၂၄ ရက်(ယနေ့) မြန်မာစံတော် ချိန် ညနေ ၆ နာရီ ၁၅ မိနစ်တွင် စင်ကာပူနိုင်ငံရှိ ဂျလန်းဘီဆာ ကွင်း၌ ကျင်းပမည်ဖြစ်သည်။
မြန်မာအသင်းသည် စင်ကာ ပူအသင်းနှင့် ခြေစမ်းပွဲပြီးပါက လက်ဘနွန်အသင်းနှင့် ကမ္ဘာ့ ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲကို ယှဉ်ပြိုင်ရမည်ဖြစ်၍ စင်ကာပူအသင်းနှင့်ပွဲစဉ်မှာ လက်ဘနွန်အသင်းနှင့် ပွဲစဉ်အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း မြန်မာအသင်းနည်းပြချုပ်က မတ်လ ၂၃ ရက်တွင်ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
‘‘မြန်မာအသင်းအနေနဲ့ ဒီ နှစ်အတွက် အဓိကပစ်မှတ်က အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆူဇူ ကီးဖလား အောင်ပွဲရရေးပါ။ ဒီ အတွက် ပြည်ပကို ခြေစမ်းပွဲတွေ သွားကစားဖို့ရှိသလို ပြည်တွင်းမှာ လည်း နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲ တစ်ခု ပြုလုပ်ပြီး အကောင်းဆုံး ပြင်ဆင်သွားဖို့ ရှိပါတယ်။ ဒါ ကြောင့် လက်ရှိအသင်းကို အ ကောင်းဆုံးပုံစံဖြစ်အောင် တည် ဆောက်သွားမှာပါ။ ယူ-၂၀၊ ယူ-၂၃ နဲ့ လိဂ်ပြိုင်ပွဲက အကောင်း ဆုံး ကစားသမားတွေ စုဖွဲ့ထားပါ တယ်။ ပြိုင်ပွဲမတိုင်ခင်အနည်းငယ် တော့ အပြောင်းအလဲရှိလာဦးမှာ ပါ’’ဟု ဂတ်ဖရိုင်းဒရစ်ကဆိုသည်။
မြန်မာ့လက်ရွေးစင်အသင်း သည် လူငယ်ကစားသမားအများ စုဖြင့် ဖွဲ့စည်းထားသော အသင်း ဖြစ်ပြီး တောင့်တင်းသည့် အသင်း တစ်သင်းဖြစ်ကြောင်း၊ ကမ္ဘာ့အ ဆင့်ရပ်တည်မှု ကွာခြားမှုမရှိသည့် အသင်းနှစ်သင်း ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ယင်းခြေစမ်းပွဲတွင် စင်ကာပူအသင်းအတွက် အကျိုးရှိမည့် ခြေစမ်းပွဲဖြစ် ကြောင်း စင်ကာပူအသင်းနည်းပြချုပ် ဘန်းစတိန်းက ပြောကြား သည်။
 နောက်ဆုံးထုတ်ပြန်ထား သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် အရ စင်ကာပူလက်ရွေးစင်အ သင်းက ကမ္ဘာ့အဆင့် (၁၄၈) နှင့် မြန်မာ့လက်ရွေးစင် အသင်းက ကမ္ဘာ့အဆင့်(၁၅၄)၌ အသီးသီးရပ်တည်နေသည်။
အဆိုပါခြေစမ်းပွဲကို MRTV Entertainment နှင့် Sky Net ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ထုတ်လွှင့် မည်ဖြစ်ကြောင်း သတင်းရရှိ
Share:

Related Posts:

0 comments:

Post a Comment